MNP - စက်တင်ဘာ ၁၉
ချန်ပီယံလိဂ်လိဂ်ပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အင်္ဂါနေ့(ယနေ့ည)မှာ အုပ်စုအဆင့် ပွဲစဉ် ၈ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
♦ အေစီမီလန် - နယူးကာဆယ် (ယနေ့ည မြန်မာစံတော်ချိန် ၁၁:၁၅)
အေစီမီလန်အသင်းနှင့် နယူးကာဆယ်အသင်းတို့ဟာ အေစီမီလန်အိမ်ကွင်း ဆန်စီရိုမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ကာဆယ်တို့ဟာ လက်ရှိမှာ ရလဒ်ဆိုးဝါးနေပြီး နောက်ဆုံးပွဲမှာ အနိုင်ရခဲ့တယ်။အေစီကလည်း ပြီးခဲ့တဲ့အပတ်က မီလန်ဒါဘီမှာ အင်တာကို ရှုံးခဲ့တယ်။ခြေစွမ်းပိုင်းအရ နှစ်သင်းလုံး ကွာဟချက် ကြီးကြီးမားမားမရှိဘူး။ကာဆယ်ရဲ့ ကစားပုံနှင့် စုဖွဲ့မှုက အသင်းတိုင်းကို ခြိမ်းခြောက်နိုင်ပေမယ့် တိုနာလီရဲ့ အိမ်ပြန်ခရီးမှာ အတွေ့အကြုံနဲ့ အစဉ်အလာပိုင်းပါ ပိုသာတဲ့ အိမ်ရှင်တို့ ကပ်နိုင်များတယ်။(ခန့်မှန်းရလဒ် အေစီမီလန် ၁ - ၀ နယူးကာဆယ်)
♦ ယန်းဘွိုင်းစ် - လိုက်ပ်ဇစ် (ယနေ့ည မြန်မာစံတော်ချိန် ၁၁:၁၅)
ယန်းဘွိုင်းစ်အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့ဟာ ယန်းဘွိုင်းစ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ယန်းဘွိုင်းစ်က သူ့အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်း။ ၂၀၁၈တုန်းက ဂျူဗင်တပ်စ်ကို အိမ်ကွင်းမှာ နိုင်ခဲ့ဖူးသလို၊ ၂၀၂၁ တုန်းကလည်း မန်ယူကို အိမ်ကွင်းမှာ နိုင်ခဲ့ဖူးတာ မှန်ပေမယ့် လိုက်ပ်ဇစ်ဟာ နောက်ဆုံးကစားထားတဲ့ ၅ပွဲမှာ ၄ပွဲအထိ အနိုင်ရထားပြီး ဘိုင်ယန်မြူးနစ်တစ်သင်းကိုသာ ရှုံးနိမ့်ထားတယ်။စုဖွဲ့မှုနဲ့ အတွေအကြုံပိုသာတဲ့ လိုက်ပ်ဇစ်အနိုင်ရလိမ့်မယ်။(ခန့်မှန်းရလဒ် ယန်းဘွိုင်းစ် ၀ - ၂ လိုက်ပ်ဇစ်)
♦ ဖီယင်နု - ဆဲလ်တစ် (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
ဖီယင်နုအသင်းနှင့် ဆဲလ်တစ်အသင်းတို့ဟာ ဖီယင်နုအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ဖီနှစ်သင်းစလုံး ခြေရည်တူအနေအထားမှာ ရှိနေပြီး ဥရောပအတွေ့အကြုံကလည်း အားနည်းလွန်းတယ်။ယေဘုယျအားဖြင့် နယ်သာလန်လိဂ်ချန်ပီယံ ဖီယင်နုက ပိုကောင်းတယ်လို့ ဆိုနိုင်ပေမယ့် နည်းပြဟောင်း ပိုစတီကိုကလူးရဲ့ တိုက်စစ်အရှိန်ကျန်နေနိုင်သေးတာကြောင့် သရေကျဖို့များတယ်။ (ခန့်မှန်းရလဒ် ဖီယင်နု ၁ - ၁ ဆဲလ်တစ်)
♦ လာဇီယို - အက်သလက်တီကို (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
လာဇီယိုအသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ လာဇီယိုအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။နှစ်လုံးက ကစားပုံ မာကျောပြီး အသင့်တင့်ကောင်းမွန်တဲ့ တိုက်စစ်တွေရှိတယ်။ပိုကောင်းတဲ့ အက်သလက်တီကိုရဲ့ တိုက်စစ်နှင့် အတွေ့အကြုံပိုင်းကြောင့် ကပ်နိုင်ဖို့များတယ်။(ခန့်မှန်းရလဒ် လာဇီယို ၀ - ၁ အက်သလက်တီကို)
♦ PSG - ဒေါ့မွန် (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
PSGအသင်းနှင့် ဒေါ့မွန်အသင်းတို့ဟာ PSGအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။မက်ဆီ၊ နေမာတို့ကို ဆုံးရှုံးထားပေမယ့် အားကောင်းတဲ့တိုက်စစ်ကို ပိုင်ဆိုင်ထားဆဲဘဲ။နည်းပြသစ် လူးဝစ် အင်းနရစ်လက်ထက်မှာ အရည်အသွေးမြင့်ကစားသမားတွေနဲ့ အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း တိုးတက်လာပေမယ့် ရလဒ်တွေလည်း မငြိမ်သေးဘူး။ဒေါ့မွန်ကတော့ အရည်အသွေးမြင့် အသင်းတစ်သင်းပေမယ့် တကယ်တမ်း မျှော်လင့်ချင်စရာ ကစားသမားရှားပါတယ်။အိမ်ရှင်တို့ ပြတ်သားတဲ့ ရလဒ်နဲ့ နိုင်လိမ့်မယ်။ (ခန့်မှန်းရလဒ် PSG ၂ - ၀ ဒေါ့မွန်)
♦ မန်စီးတီး - ဇဗက်ဒါ (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
မန်ချက်စတာ စီးတီးအသင်းနှင့် ဇဗက်ဒါအသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်ကစားကြည်ဖြစ်သည်။စီတီဇင်တို့အတွက် ဂိုးပြတ်၊ခြေပြတ် အနိုင်ရမယ့်ပွဲ။ဘယ်အသင်းနိုင်မလဲထက် ဟာလန်းဘယ်နှဂိုးသွင်းမလဲ စဉ်းစားရမယ့်ပွဲ။နှစ်သင်းစာလူစာရင်းရှိတဲ့ အိမ်ရှင်တို့ကဘဲ ဂိုးပြတ်အနိုင်ရလိမ့်မယ်။( ခန့်မှန်းရလဒ် မန်စီးတီး ၄ - ၀ ဇဗက်ဒါ)
♦ ဘာစီလိုနာ - အန့်ဝပ် (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
ဘာစီလိုနာအသင်းနှင့် အန့်ဝပ်အသင်းတို့ဟာ ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။အန့်ဝပ်က အိမ်ဖြည့်သာသာ အသင်းပါ။ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာဟာ လာလီဂါဖလားရခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ကျရှုံးခဲ့တယ်။ပိုကောင်းတဲ့ ဘာစီလိုနာကို မြင်ရဖို့ရှိပြီး ဂိုးပြတ်နိုင်ပွဲ ရယူလိမ့်မယ်။( ခန့်မှန်းရလဒ် ဘာစီလိုနာ ၃ - ၀ အန့်ဝပ်)
♦ ရှက်တာဒိုးနက် - ပေါ်တို (ယနေ့နံနက် မြန်မာစံတော်ချိန် ၁:၃၀)
ရှက်တာဒိုးနက်အသင်းနှင့် ပေါ်တိုအသင်းတို့ဟာ ရှက်တာဒိုးနက်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်သည်။နှစ်သင်းစလုံးက ဥရောပ အတွေ့အကြုံရင့်အသင်းတွေဖြစ်ပြီး ကစားကောင်းတွေ အသီးသီးရှိကြတယ်။ဒါပေမယ့် ပေါ်တိုက ပိုကောင်းတဲ့ Levelတစ်ခုမှာ ရှိပြီး အဝေးကွင်းမှာလည်း ရလဒ်ကောင်းတွေ ယူနိုင်တဲ့အသင်းဖြစ်တာကြောင့် ပေါ်တိုနိုင်ဖို့များတယ်။(ခန့်မှန်းရလဒ် ရှက်တာဒိုးနက် ၁ - ၂ ပေါ်တို)
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment