သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၇) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၇) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး


MNP ၊  စက်တင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိသည်။


သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၅)ဦး ၊နိုင်ငံရေးပင်စင်စား (၁၄၂)ဦး၊ မြို့ပြပင်စင်စား (၆၀၂)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား (၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၇)ဦးရှိရာ ယနေ့ စက်တင်ဘာလ၂၁ ရက်နေ့တွင် မြို့ပြပင်စင်(၁၈၀)ဦး၊ ကာကွယ်‌ရေးပင်စင်(၁၀၈)ဦး၊ နိုင်ငံရေးပင်စင် (၄၁)ဦး၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းပင်စင်(၃)ဦး ပေါင်းပင်စင်စား(၃၃၂)ဦး ထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေး ချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက် အလိုအထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေး လျက်ရှိပြီး ကျန်ရှိသူများကို အစိုးရ ရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန် အတွင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာဒေါ်အေးအေးမွန်ထံမှ သိရသည်။


မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)