MNP ၊ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်စားသုံးဆီ ရောင်းချသည့် ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ မြို့ပေါ်စားသုံးဆီရောင်းချသည့် ဆိုင်(၉) ပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စားသုံးဆီဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ စားအုံးဆီခွဲတမ်း ရရှိမှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုရောင်းချမှုမရှိရေး၊ မြို့နယ်ဆီရောင်းဝယ်ရေးအသင်း ဖွဲ့စည်းရေးနှင့် စားအုန်းဆီပြတ်လပ်မှုမရှိရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment