MNP ၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ မြညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးထွန်းအေးကျော်က အမှာစကားပြောကြားခဲ့ပြီး အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကာလပေါ်၊ မဟာဂီတ စသည့် အမျိုးအမည်များဖြင့် ကျောင်းများအသီးသီးမှ ကျောင်းသားကျောင်းသူ (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေး ဦးသိန်းစိုး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရပ်အလိုက်နယ်ပယ်အသီးသီးမှ အသိပညာရှင်အတတ်ပညာရှင်များ၊ ဆရာဆရာမများ၊ ပြိုင်ပွဲဝင်သူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ဆုရရှိသူများနှင့် ဒိုင်အဖွဲ့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment