MNP ၊ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊အခြေခံပညာအလယ်တန်းကျောင်း ၊ခလရ (၁၄) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား)ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း နှင့်ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်ဝင်း တို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဆရာမ ဒေါ်ဝါဝါလွင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အလက၊ ခလရ(၁၄)ကျောင်းမှ Grade-9 ကျောင်းသူ မထက်ရွှေရည်ဝင်းကလူငယ်နှင့် နည်းပညာ ၊ Grade-8 ကျောင်းသူ မသော်သော်ရွှေရည်က လူငယ်နှင့် ပညာ ရေး၊ Grade-6 ကျောင်းသား မောင်ဖြိုးတေဇစိုးအောင် က လူငယ်နှင့် အားကစား၊ Grade-7 ကျောင်းသား မောင်ခန့်တည်ငြိမ်က လူငယ်နှင့် မူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment