MNP ၊ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာလွင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူကဦးဆောင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-12 မှ မညိမ်းညိမ်းစံ၊ Grade-11 မှ မောင်ညိုမင်းဦး၊ မအေးအီ၊ မနော်ခင်ငြိမ်းချမ်း၊ Grade-10 မှ မကျော့ကျော့စံ၊ မောင်ခိုင်ချို၊ နန်းအွမ်ခေးတို့က “လူထဲကလူ အတူတူမဟုတ်” ခေါင်းစဉ်ကို ဆွေးနွေးပြောကြားကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် အချက်အလက်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။
မင်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment