MNP ၊ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သရက်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်နှင့် ဆန်ကုန်သည်များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက သရက်မြို့ အမှတ်(၅)တောင်မင်းတည်းရပ်ကွက် သိမ်ကြီးဓမ္မာရုံတွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေးခဲ့သည်။
အဆိုပါ ဆန်များရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် ဧည့်မထဆန်တစ်ပြည်နှုန်းစီအား ငွေကျပ် ၂၅၀၀/- ဈေးနှုန်းဖြင့် အိမ်ထောင်စု(၂၄၀)စုကို ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဆန်များရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။
အလားတူပြည်တော်အေးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက် ပိုင်းရပ်ကွက်နှင့် ထုံးတောင်ကျေးရွာအုပ်စုတို့တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment