နမ္မတူမြို့နယ်တွင် ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်တွင် ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ





MNP ၊  စက်တင်ဘာ  ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေပြည်သူလူထု၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယင်းတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဟာလင်ကျေးရွာနေ ပြည်သူ ၁၆ ဦးအား ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များက ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဟာလင်ကျေးရွာနေ ပြည်သူ ၁၆ ဦးကို ကျေးရွာမြေငှားဂရန်စာချုပ်အား သက်ဆိုင်ရာပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်စံပွင့် ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။


လူမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)