ဒဂုံမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ





MNP ၊  စက်တင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရိခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈:၀၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် ဗိုလ်တစ်ထောင်ခရိုင်၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက "စေတနာပန်းတို့လန်းရာမြေ" သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့​သည်။ ထို့နောက်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သ၀ဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ဖတ်ကြားခဲ့ပြီး စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု Video clip များကို လည်းပြသခဲ့ကြောင်း သိရပါသည်။


ထို့အပြင်ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "တို့အင်တို့အား"သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့​သည်။


ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ပြီး အဆိုပါအခမ်းအနားတွင် ခင်းကျင်းပြသထားသောပြခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ တက်ရောက်လာကြသော ဧည့်သည်တော်များ ကပြသထားသော ပြဘုတ်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုများအား လှည့်လှည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။


မိုးမိုးခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)