ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း ဆက်လက်ကျင်းပ


MNP ၊  စက်တင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးသင်တန်းနှင့် ဟောပြောပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၂) ဦးစိုးရန်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှုးဒေါ်စိမ်းလဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝေဖြိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်နှင်းအဥ္စလီတို့က ကလေးသူငယ်အခွင့်အရေးများနှင့် သက်ဆိုင်သည့်ဥပဒေများကို အသီးသီးဟောပြောပေးခဲ့ပါသည်။


ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါသင်တန်းဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ကြပြီး ​မေးခွန်းများ​မေးမြန်း ဆုမျာ​ပေးအပ်ခဲ့သည်။ အဆိုပါ ပညာ​ပေး​ဟော​ပြောပွဲနှင့် သင်တန်းကို ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်၍ အသိပညာပေး ဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စိမ်းလဲ့ 

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)