ဗဟန်းမြို့နယ်တွင် စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်တွင် စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့ နယ်အတွင်းရှိ ပြည်သူများစားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ငါးထပ်ကြီး​တောင်ရပ်ကွက်၊ ​ရေတာရှည်ရပ်ကွက်၊ ဆရာစံ​တောင်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးများနှင့် ဘုရင့်​နောင်ရိပ်သာတို့တွင် စားသုံးဆီများအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါစာသုံးဆီရောင်းချရာ၌ ပြည်သူများသက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ စနစ်တကျဝယ်ယူနိုင်စေရန် ရည်ရွယ်၍ (၂၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ဆီ ၁ ပိဿာ၊ စျေးနှုန်း၄၄၀၀/- နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ပြည်သူများ၏ လက် ဝယ်အရောက်ရောင်းချပေးခဲ့ကြကြောင်း ကျန်ရပ်ကွက်များသို့လည်း ဆက်လက်​ရောင်းချပေးသွားမည်ဖြစ်​ကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​သော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)