မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကို သက်သာချောင်ချိသောဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကို သက်သာချောင်ချိသောဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ သားငါးများနှင့် ဟင်းသီးဟင်းရွက်တို့ကို သက်သာသောဈေးနှုန်းများဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်းတွင် ယမန်နေ့ညနေ(၃)နာရီခွဲက ဝန်ထမ်းများကို သက်သာချောင်ချိသောဈေးနှုန်းဖြင့် စားသုံးနိူင်ရန် ရောင်းချပေးခဲ့ကြသည်။


ထိုသို့ ရောင်းချပေးသည့်နေရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာနဌာနမှုး၊ တိုင်းဒေသကြီး စားသုံးသူရေးဦးစီးဌာန၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဝယ်ယူသူဝန်ထမ်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ယနေ့အခြေခံစားကုန်များ ရောင်းချပေးမှုအစီအစဉ်တွင် ဆန်(ဧည့်မထ)တစ်ပြည် (၃၀၀၀)ကျပ်၊ ဆီ(စားအုန်ဆီ) တစ်ပိဿာ(၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ ဘဲဥတစ်လုံး (၃၀၀)ကျပ်၊ ငါးကြင်းဖြူ(ရန်ကုန်) တစ်ပိဿာ(၁၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၆၅၀၀)ကျပ်၊ ငါးတန် တစ်ပိဿာ(၄၅၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာ(၄၂၀၀)ကျပ်၊ စလားဗီးယား တစ်ပိဿာ(၅၀၀၀)ကျပ်၊ ငါးခြစ်(ငါးမြစ်ချင်း) တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ငါးကြင်းဖြူ(မန္တလေး) တစ်ပိဿာ (၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၄၀၀၀)ကျပ်၊ အမဲသားတပိဿာ(၁၂၀၀၀)ကျပ်၊ အမဲသားခြောက်တစ်ဆယ်သား(၂၅၀၀)ကျပ်၊ ကြက်သားတပိဿာ (၈၀၀၀)ကျပ်တို့ဖြင့် လည်းကောင်း ဟင်းသီးဟင်းရွက်များကိုလည်း သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment