မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP ၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ကာ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး၊ ပြည်တွင်းကောက်ပဲသီးနှံဈေးကွက်တည်ငြိမ်ရေး၊ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့် မြေပဲကို ပြည်တွင်းစားသုံးရန်၊ ထုတ်လုပ်မှုမထိခိုက်စေဘဲ ပြည်ပသို့တင်ပို့ရေးဆိုင်ရာ၊ ပဲမျိုးစုံပြည်တွင်းဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်ကိစ္စရပ်များကို အခြေခံကာ ဈေးကစားဆောင်ရွက်မှုများမရှိစေရေးနှင့် ပဲမျိုးစုံနှင့်နှမ်းများကို ပြည်ပသို့ တရားမဝင်တင်ပို့ခြင်းကို အစိုးရနှင့်လုပ်ငန်းရှင်များ ပူးပေါင်းတားဆီးဆောင်ရွက်ရေး၊ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း စိုက်ပျိုးထုတ်လုပ်တင်ပို့မှု ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)