ရုရှား-မြန်မာ နှစ်နိုင်ငံဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ (Russia- Myanmar Cadets Swimming Competition) တွင် ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့်ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများက ‌ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခုရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား-မြန်မာ နှစ်နိုင်ငံဗိုလ်လောင်းများ ရေကူးပြိုင်ပွဲ (Russia- Myanmar Cadets Swimming Competition) တွင် ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့်ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများက ‌ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခုရရှိ






MNP ၊ စက်တင်ဘာ ၁၂

မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏တပ်မတော်များနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာအားကောင်းစေရန် အပြန်အလှန်လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်နှင့်ရုရှားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာအားကောင်းလာစေရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Russia- Myanmar Cadets Swimming Competition) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါရေကူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် စက်တင်ဘာ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ရောက်ရှိကြရာ ရုရှားတပ်မတော်မှတာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့်ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ထို့ပြင် မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၊ အမြောက်သမိုင်းပြတိုက်၊ AVRORA စစ်သင်္ဘောပြတိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ခြင်း၊ ရုရှားတပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့် လက်ဆောင်ပစ္စည်းအပြန်အလှန်လဲလှယ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကိုတိုးမြှင့်နိုင်ခဲ့ကြသည်။


အဆိုပါ မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုကြသည်။


မြန်မာ့တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များနှင့် ဗိုလ်လောင်းများအား နိုင်ငံတကာအတွေ့အကြုံများရရှိစေရေး၊ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေးအတွက် တပ်မတော်အချင်းချင်း အပြန်အလှန်လေ့လာရေးခရီးစဉ်များစေလွှတ်ခြင်းနှင့် နိုင်ငံတကာတပ်မတော်အားကစား ပြိုင်ပွဲများသို့ပါဝင်ယှဉ်ပြိုင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)