ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး ဖြန့်ဝေလှုံ့ဆော်မှုများကို လူမှုကွန်ရက်တွင် လိုက်ပါဖြန့်ဝေသူများ ဖမ်းဆီးထိန်းသိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး ဖြန့်ဝေလှုံ့ဆော်မှုများကို လူမှုကွန်ရက်တွင် လိုက်ပါဖြန့်ဝေသူများ ဖမ်းဆီးထိန်းသိမ်း


MNP ၊ စက်တင်ဘာ ၁၂

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး ဖြန့်ဝေလှုံ့ဆော်မှုများကို လိုက်ပါဖြန့်ဝေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zar Chi Myo Myint” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ကျေးရွာနေ ဇာခြည်မျိုးမြင့်အား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင်လည်းကောင်း၊ “Naing Soe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်ဖျားရပ်ကွက်နေ နိုင်စိုး(ခ)ရာဂျေးအား ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)