ညောင်ဦးမြို့ အမှတ်(၅)၊ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ အမှတ်(၅)၊ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ




MNP ၊  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ညောင်ဦးမြို့ အမှတ်(၅)၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျှက်ရှိရာ ဈေးရောင်းဈေးဝယ်မှုအခြေအနေများကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးရဲနိုင် (ဒုတိယညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ပြည်သူ့သက်သာဈေး အရောင်းဆိုင်တွင် ရောင်းချသည့်အခြေခံ စားသောက်ကုန်များကို ထုပ်ပိုးရောင်းချပေးရာတွင် ပလတ်စတစ်သုံးစွဲမှုလျော့ကျစေရေး ပလတ်စတစ်အစားထိုး အင်ဖက်၊ သတင်းစာစက္ကူများဖြင့် ထုတ်ပိုးရောင်းချပေးခဲ့ကြောင်း ဆန်တစ်ပြီ ၃၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်၊ ဘဲဥတစ်လုံး ၁၅၀ ကျပ်၊ အမဲသားတစ်ပိသာ ၁၂၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့်ဆိတ်သား တစ်ပိဿာ ၁၈၀၀၀ ကျပ်တို့ဖြင့် သတ်မှတ်နေရာများ၌ အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)