ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို ထုတ်ပယ်ပြီး နစကအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို ထုတ်ပယ်ပြီး နစကအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း



MNP ၊ စက်တင်ဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်ကို ယမန်နေ့ (၂၅-၉-၂၀၂၃) ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့က ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို ထုတ်ပယ်ပြီး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ အဖွဲ့ဝင်များအဖြစ် ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။

ရက်ပိုင်းအတွင်း က ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ထမ်းဆောင်ခဲ့သော တာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောင်းလဲတာဝန်ယူဆောင်ရွက်ခဲ့ရပြီး ယမန်နေ့က ထုန်ပြန်ချက်များတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)