ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည် အသွေးရလဒ်များအား ထုတ်ပြန်ကြေညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည် အသွေးရလဒ်များအား ထုတ်ပြန်ကြေညာပေး


MNP ၊  စက်တင်ဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထု အရည်အသွေး ညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလဒ်များကို အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရ သည်။


ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၉)နှင့် ရပ်ကွက်(၅)တို့တွင် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုရလဒ်အပေါ်  အကြံပြုချက်များမှာ စွန့်ပစ်အမှိုက် များကို စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောက်ကျဉ်ပြီး 3Rs (Reduce, Reuse, Recycle) စနစ်အား လိုက်နာကျင့်သုံးခြင်း၊ လမ်းဘေးဝဲယာ/ အများပိုင်နေရာများ၊ ရုံးဝင်းအတွင်း အရိပ်ရလေကာ ပင်များ စိုက်ပျိုးပြုစု ပျိုးထောင်ခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ အနေဖြင့် တတ်နိုင်သမျှနေအိမ်အတွင်း နေထိုင် ကြရန်၊ အပြင်သို့ ထွက်ခွာသွားလာရန် လိုအပ်ပါက တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းဖြစ်သည့် (နှာခေါင်းစည်း) များအား ဝတ်ဆင်၍ သွားလာကြရန် ထုတ်ပြန်ကြေညာထားပြီး ကသာမြို့နယ် စေတီကုန်းနှင့် ကပ္ပလိပ်ရွာကြား၊ သဖန်းကိုင်းနှင့် ဘိုကုန်းရွာကြားတွင် တိုင်းတာ ခဲ့သည့် ဧရာဝတီမြစ်၏ ရေအရည်အသွေး တိုင်းတာမှု ရလဒ်များအရ PH,TDS, တန်ဖိုးများမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်းရှိနေကြောင်း၊ DO တန်ဖိုးမှာ Guideline ထက်ကျော်လွန်ပြီး ရေတွင် Oxygen ပျော်ဝင်မှု ပမာဏကောင်းမွန်ကြောင်း၊ Turbidity နောက်ကျိမှု ပမာဏနှုန်းမှာ သတ်မှတ် စံချိန်စံညွှန်းအတွင်း တည်ရှိနေပြီး Fresh Water ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အပတ်စဉ် ပတ်ဝန်းကျင်လေထုအရည် အသွေးနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာ ရရှိသည့် ရလဒ်များကို ပြည်သူအများသိရှိနိုင်စေရန် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ တစ်ဆင့် လူမှုမီဒီယာများတွင် သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။      


ကျော်စွာထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)