MNP ၊ စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး အရှေ့ဘက် လမ်းမကြီးပေါ်၌ ဒေသခံပြည်သူ များအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက် (၇)နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ဆန်ကုန်သည်နှင့် ဆီကုန်သည်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများမှ သက်သာသော ဈေးနှုန်း များဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သက်သာချောင်ချိရေး အရောင်းဆိုင်များကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်ချရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်မျိုးစုံစသည့် သက်သာချောင်ချိရေး အရောင်းဆိုင် (၂၈)ဆိုင်ကို ပြည်သူများသို့ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးရာ ဒေသခံပြည်သူများမှ ဝမ်းသာအားရဖြင့် ဝယ်ယူအားပေးကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment