အဂတိ သံသရာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိ သံသရာ



နီပိန်းတွေက ပြည်ခိုင်ဖြိုးအစိုးရဆိုလည်း စစ်အစိုးရ၊ ယနေ့ တပ်မတော်ဦးဆောင်နေတဲ့ အစိုးရကို ဆိုရင်လည်း စစ်အစိုးရလို့ ဆိုကြပါတယ်။ တကယ်တော့ NLD ပါတီဆိုတာကလည်း စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဦးဆောင်တဲ့ ပါတီပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက သိပါတယ်။ နီပိန်းတွေပဲ မသိတာပါ။ NLD ထိပ်ပိုင်းခေါင်းဆောင် အများစုဟာ တပ်ထဲမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ မနေဘဲ စည်းပျက်ကမ်းပျက်လုပ်ရပ်တွေကြောင့် ရာထူးတာဝန်ကနေ ဖယ်ရှားခံရသူများပါတယ်။

ဘဘဦးတင်ဦး ဆိုရင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့အမျိုးသမီးကြောင့် တပ်က အနားပေးခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ NLD ပါတီကို ရောက်တော့ တပ်ကို ဖောင်းထုသူ ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်သား တစ်ဦးဖြစ်သည့်အတွက် အမျိုးယုတ်တဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ ထို့အတူ NLD ကို ဦးဆောင်ခဲ့ကြတဲ့ အခြားသော ဦးအောင်ကြည် တို့ဟာလည်း တပ်မတော်က လာကြသူတွေပဲ ဖြစ်ပါတယ်။ 

နီပိန်းတွေက စစ်ခွေး၊ ဘောမ စသဖြင့် ပြောရတာကို အရသာ တွေ့နေလို့ နီပိန်းများဟာလည်း ထမိန်ခြုံရုံတင် မဟုတ်ဘူး ဘောပြုတ်တွေရဲ့ ဘောကို မတဲ့ ဘောမတွေလို့ ဆိုရင်လည်း မမှားပါဘူး။

အနီးစပ်ဆုံးအနေနဲ့ ၂၀၁၆ ကနေ ၂၀၂၀ အထိ အာဏာရခဲ့တဲ့ NLD အစိုးရ၊ NLDအစိုးရရဲ့ မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းလာခြင်းကြောင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရတဲ့ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် -

NLD အစိုးရအဖွဲ့မှာ က အစိုးရအဖွဲ့ကို ဦးဆောင်ပဲ့ကိုင်သူ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် က စပြီး အဂတိလိုက်စားတဲ့အချိန်မှာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမကျန် သူခိုးကြီးတွေ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်အမတ်ဆိုတဲ့ ကောင်တွေ၊ ကောင်မတွေကလည်း ဘယ်ကိစ္စမှာ ဝင်ရှုပ်ရင် ငွေရနိုင်သလဲ ချောင်းနေကြတဲ့ ကောင်တွေ၊ ကောင်မတွေပဲ ဖြစ်ပါတယ်။ ဝင်ရောက်ခြယ်လှယ်လို့ ရတဲ့ ကိစ္စမှန်သမျှ ဝင်ရောက်ခြယ်လှယ်ပြီး ကိုယ်ကျိုးရှာကြသူတွေချည်းပဲ ဖြစ်ပါတယ်။ ထိန်းကျောင်းမယ့်သူ ဆိုတာ မရှိပါဘူး။ လည်တဲ့သူ စားဆိုတဲ့ သဘောမျိုးပါပဲ။

ယခုရက်ပိုင်းအတွင်း နစကအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တချို့ အာဏာအလွဲသုံးစားမှုနဲ့ ထိန်းသိမ်းတာမျိုး ရှိပါတယ်။ ခရိုင်၊ မြို့နယ်အဆင့်မှာလည်း နီပိန်းလွှတ်တော်အမတ်များလိုပဲ နေရာရသခိုက် ကိုယ်ကျိုးရှာလိုတဲ့သူတွေ ရှိပါတယ်။ ဖော်ထုတ် တင်ပြရင် အရေးယူဆောင်ရွက်ပေးပါတယ်။ ထိန်းကျောင်းမယ့်သူ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။

မြန်မာပြည်ရဲ့ အစိုးရအဆက်ဆက်မှာ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာမယ့်သူတွေက ရှိနေတာပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုသံသရာ က ထိန်းကျောင်းရ အလွန်ခက်ပါတယ်။ အဓိက ပြဿနာကတော့ နေရာကောင်းကောင်း ရဖို့ လူကြီးကို ပေးရကမ်းရတဲ့ ပြဿနာမျိုးတွေလည်း ရှိပါတယ်။ လူကြီးတွေကို ပေးဖို့ ပြည်သူတွေဆီက ဂုပ်သွေးစုပ်ရင်းကနေ အဂတိသံရာက အစိုးရအဆက်ဆက် ထိန်းကျောင်းရခက်တဲ့ ပြဿနာအဖြစ် အမြစ်တွယ်နေခြင်းပဲ ဖြစ်ပါတယ်။ လူကြီးတွေရဲ့ မတော်လောဘကို လျော့ချနိုင်ရင် အဂတိလိုက်စားမှုလည်း အထိုက်အလျှောက် လျော့ပါးသွားမှာ ဖြစ်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)