ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ



MNP ၊  စက်တင်ဘာ  ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ရပ်ကွက် ရတနာစံဘုန်းတော်ကြီးကျောင်း ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပခဲ့သည်။


ပဋ္ဌာန်းသိမ်းအောင်ပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရနှင့် မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်ဆရာတော် စည်ပင်ရွာဦးကျောင်းတိုက်၊ ပဓာနနာယကဘဒ္ဒန္တဣန္ဒာစက္ကနှင့်  ပင့်သံဃာတော်များ၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပြီးအခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရား တော်များနာယူကြည်ညိုခဲ့ပြီး ဆရာတော်သံဃာတော်များအား ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် စည်ပင်ရွာဦးကျောင်းတိုက်၊ ပဓာနနာယက ဘဒ္ဒန္တဣန္ဒာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းများပြုလုပ်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုတ်သိမ်းခဲ့သည်။


အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment