သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများ ပြုလုပ်







MNP ၊  စက်တင်ဘာ  ၁၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်သည်။


ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတိုက်ဖျက်နိုင်ရေး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ၊ လူကုန်ကူးမှုအမျိုးအစားများနှင့် လူကုန်ကူးခံရသူများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ စသည့်လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောသည်။


ယင်းနောက် လူကုန်ကူးမှုအန္တရာယ် သတိပြုကာကွယ်ခေါင်းစဉ်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ အမက(လွန်)ဝါးတောကျောင်းမှ  အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၄)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)