ပူတင်နဲ့ ကင်ဂျုံအန် တို့ Vostochny အာကာသလွှတ်တင်ရေးစခန်းမှာ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတင်နဲ့ ကင်ဂျုံအန် တို့ Vostochny အာကာသလွှတ်တင်ရေးစခန်းမှာ တွေ့ဆုံ



VOSTOCHNY  ၊ စက်တင်ဘာ ၁၃

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗလာဒီဗော့စတော့တွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) တွင် ပါဝင်ခဲ့ပြီးနောက် ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ Vostochny အာကာသလွှတ်တင်ရေး အဆောက်အအုံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့သည်။

ပူတင်သည် EEF ၏ မျက်နှာစုံညီအစည်းအဝေးအတွင်း အာကာသစခန်းသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ သို့သော်လည်း ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

မြောက်ကိုရီးယားခေါင်းဆောင်သည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်ဟု အမေရိကန်အရာရှိများနှင့် ၎င်းတို့၏ မဟာမိတ်များကြားမှ သတင်းရင်းမြစ်များကို ကိုးကား၍ New York Times သတင်းစာက ဖော်ပြခဲ့သည်။ သတင်းစာ၏ ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ ဗလာဒီဗော့စတော့တွင် ပူတင်နှင့် စက်တင်ဘာလလယ်တွင် တွေ့ဆုံနိုင်ဖွယ်ရှိသည်။ Kim သည် မော်စကိုနှင့် Vostochny အာကာသစခန်းသို့ သွားရောက်လည်ပတ်နိုင်သည်ဟု NYT သတင်းရင်းမြစ်များက ဆိုသည်။

နောက်ပိုင်းတွင် ရုရှားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်များကြား လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးပွဲများ ကျင်းပမည်ဟု ကရင်မလင်က တရားဝင် ကြေညာခဲ့သော်လည်း ၎င်းတို့၏ နေ့ရက်နှင့် ကျင်းပမည့်နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ကင်ဂျုံအန်  သည် Primorye ဒေသသို့ တနင်္လာနေ့တွင် ရောက်ရှိခဲ့သည်။ Khasan မီးရထားဘူတာရုံမှာ ကြိုဆိုတဲ့ အခမ်းအနားအပြီးမှာ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ရုရှား သဘာဝအရင်းအမြစ်ဝန်ကြီး Alexander Kozlov နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


Ref - TASS

#MyanmarNationalPost

No comments:

Post a Comment