ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ် မိုးရေလျှံမှုများအားရေစုပ်စက်များဖြင့်စုပ်ယူရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ် မိုးရေလျှံမှုများအားရေစုပ်စက်များဖြင့်စုပ်ယူရှင်းလင်း






MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ယမန်နေ့နံနက် ၄  နာရီအချိန်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံဘုရားနှင့်အာနန္ဒာ ဘုရားရင်ပြင်တော်ပေါ်တွင် မိုးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရေစုပ်စက်ကြီးများဖြင့် ရေစုပ်ထုတ်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ ရွှေစည်းခုံဘုရားနှင့် အာနန္ဒာဘုရားရင်ပြင်တော်ပေါ် မိုးရေလျှံခြင်းများအား ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်မှမိုးရေများအား ရေစုပ် စက်(၄)လုံးဖြင့် စုပ်ထုတ်ခြင်းနှင့် အာနန္ဒာဘု ရားရင်ပြင်တော်ပေါ်မှ မိုးရေများအား ရေစုပ်စက်(၃)လုံးဖြင့် စုပ်ထုတ်ခဲ့ရာ ညနေ ၃ နာရီအချိန်တွင် ဘုရားရင်ပြင်တော်ပေါ်မှ မိုးရေလျှံခြင်းများ ရေစုပ်ထုတ်ခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ မိုးရေများသည် ဘုရားကြီးအပြင် ဘက်မှဝင်ရောက်ခြင်း မဟုတ်ပဲ ဘုရားပရဝုဏ်အတွင်းရွာသွန်းခဲ့သည့် မိုးရေများသာဖြစ်ကြောင်း သိရသည်။ ညောင်ဦး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆောင်ရွက် သွားနိုင်ရေး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရှာဖွယ်ကယ် ဆယ်ရေးနှင့်အလျှင်အမြန် တုံ့ပြန်နိုင်ရေး ပစ္စည်းကိရိယာများ အဆင်သင့်စုစည်းထားရှိကြောင်း၊ မိုးရွာသွန်းမှုများခြင်းကြောင့် ရွှေစည်းခုံ ဘုရားနှင့်အာနန္ဒာဘုရားရင်ပြင်တော်ပေါ် ရေလျှံမှုများကိုလည်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘုရားဂေါပက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စုပေါင်းဆောင်ရွက်ကြရာ ညနေ ၃ နာရီတွင် ဘုရားရင်ပြင်တော်ပေါ်ရှိ မိုးရေများအား ရှင်းလင်းဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)