စမ်းချောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး



MNP ၊  စက်တင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း‌မြောက်ရပ်ကွက်ရှိ (M.E.C)ကျောင်းနှင့် အောင်ချမ်းသာရပ်ကွက်ရှိ (Green Hills)ကျောင်းတို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ ၊  နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ကျောင်းကျန်းမာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် စမ်းချောင်း‌မြောက်ရပ်ကွက်ရှိ (M.E.C)ကျောင်းနှင့် အောင်ချမ်းသာရပ်ကွက်ရှိ (Green  Hills)ကျောင်းတို့မှ ကျောင်းသား/သူများကို ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


နီလာစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment