ကျောက်ဆည်မြို့၌ ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၈၂၉)ဧက ရေလုံလောက်စွာရရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၈၂၉)ဧက ရေလုံလောက်စွာရရှိပြီဖြစ်


MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်များ၊ရေမြောင်းများနှင့် ရေပြွန်များ၊ မြောင်းဘောင်များနှင့် ရေကျအဆောက်အအုံများအား ဘဏ္ဍာနှစ်အလိုက် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် တောင်သူများ၏ သီးနှံမျိုးစုံစိုက်ဧက(၈၂၉)ဧက ရေလုံလောက်စွာရရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ရေကျအဆောက်အအုံသည် ရွှေချောင်းမြောင်း၏ ပေတိုင်အမှတ်(၂+၀၀၀)တွင်တည်ရှိပြီး  မပြုပြင်သည်မှာ နှစ်ကာလကြာမြင့်ပြီး ရေကျအဆောက်အအုံ၏ ရေအဝင်အထွက်နေရာများ ပျက်စီးကာ မြောင်းဘောင်များ ရေတိုက်စားလျက်ရှိသောကြောင့် ရေကျအဆောက်အအုံ ရေရှည်တည်တံ့ပြီး စိုက်ပျိုးသီးနှံမျိုးစုံအတွက် စိုက်ပျိုးရေများပေးဝေရာ၌ ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် ပြည့်ဝစွာပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၅.၀၀၀)ကျပ်သန်းဖြင့် ရေကျအဆောက်အအုံ၏ အထက်ဘက်ဝဲ/ယာတွင် အလျား(၂၀)ပေ၊ မြေကာနံရံကျောက်စီခြင်း၊ (၄)လက်မထု(၁:၂:၄) ကြမ်းခြင်းကွန်ကရစ်လောင်းခြင်းနှင့် အဆောက်အအုံအောက်ဝဲဘက်တွင် အလျား(၃၀)ပေ မြေကာနံရံကျောက်စီခြင်း၊ (၄)လက်မထု (၁:၂:၄) ကြမ်းခင်းကွန်ကရစ်လောင်းခြင်း၊ ယာဘက်တွင် အလျား(၂၈)ပေ ကျောက်ဆလံစီခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ရွှေချောင်းမြောင်းမှ ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင်ပေးခြင်းကြောင့် ဆည်ရေဖြင့်သီးနှံမျိုးစုံစိုက်ပျိုးနေသော ဒေသခံတောင်သူများ၏ စိုက်ခင်းများ စိုက်ပျိုးရာတွင် သီးနှံများအောင်မြင်သည်အထိ ပေးဝေနိုင်ပြီဖြစ်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။


သက်မောင်

https://t.me/MyanmarNationalPost





No comments:

Post a Comment