MNP ၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးအတွက် မြစိမ်းရောင် စီမံကိန်း ရန်ပုံ ငွေပြန်လည်ထုတ် ပေးနိုင် ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးနိုင် ဦးဆောင်၍ ဒု-ဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများက ရွှေတောင်မြို့နယ် ၊ ကျောင်းကုန်းအုပ်စု၊ တောဇီးကုန်း ကျေးရွာ၊ ပေါက်နွယ်ခြုံ ကျေးရွာများရှိ ကျေးရွာသူ ကျေးရွာသားများအားတွေ့ဆုံ၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးနိုင်ရေး တွေ့ဆုံ ဆွေးနွေးခြင်း၊ အသေးစား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း နှင့် အဆိုပါ ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ရွာခန့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြာင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment