MNP ၊ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ကြီးကြပ်မှုဖြင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌
e-ID Software အတွင်း နိုင်မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် နိုင်ငံသားကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ အမ်းတပ်နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များမှ မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၄၈) ဦး မ(၃၈)ဦး ပေါင်း(၈၆)ဦးနှင့် အိမ် ထောင်စုလူဦးရေစာရင်း(၂၁) စောင်၊ မွေးတိုး (၁၈)ဦးတို့ကိုကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment