ဂုဏ်ပြုသင့်သူကို ဂုဏ်ပြု ချီးမြှောက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂုဏ်ပြုသင့်သူကို ဂုဏ်ပြု ချီးမြှောက်ခြင်း

 (မြင်းမြူမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဒုရဲအုပ်ရာထူး တိုးမြှင့် ပေးခြင်းအပေါ် ဂုဏ်ပြုရေးသားခြင်း ဖြစ်ပါသည်။)



ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ဖြစ်ခဲ့တာ မကြာသေးပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်တဲ့အချိန်မှာ "ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထိန်းကျောင်းနိုင်ပါ့မလား" လို့ ခေါင်းစဉ်တပ်ပြီး ဝေဖန်ရေး ဆောင်းပါးရေးဖို့တောင် စိတ်ကူးရမိပါသေးတယ်။ ဒီနေ့ ဒီအချိန်မှာ ဝေဖန်ထောက်ပြစရာတွေကလည်း များလွန်းမက များနေတော့ အဲဒီဆောင်းပါးရေးဖို့ကို အချိန်မရသေးပါဘူး။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုသူတွေ ရှိနေသလို ဥပဒေကို လေးစားလိုက်နာပြီး ကျင့်ဝတ်သိက္ခာနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။ ဒီကာလမှာက သာမန်အခြေအနေမျိုးမဟုတ်ဘဲ နီပိန်း အစွန်းရောက် အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နေရချိန် ဖြစ်လို့ ဝေဖန်ပြစ်တင်ပြောဆိုနေတာထက် အကြမ်းဖက်နှိမ်နင်းရေးကိုသာ အလေးထား လုပ်ဆောင်ဖို့ ပြောလိုပါတယ်။

ဒီကနေ့ ကြားသိရတဲ့ သတင်းကောင်းတစ်ခုကတော့ မြင်းမူမြို့နယ်မှာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို နှိမ်နင်းလိုက်နိုင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်ထဲရေးဝန်ကြီး က ဒုရဲအုပ်ရာထူး တိုးမြှင့်ပေးပြီး ချီးမြှောက်လိုက်တယ်ဆိုတဲ့ သတင်းပါပဲ။

ဖြစ်စဉ်ကတော့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ် ခြေရာတော်ရွာအနီးတွင် လုံခြုံဆောင်ရွက်နေသော လုံခြုံရေးတပ်ရင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များသည် မြင်းမူ-မြောင် ကားလမ်းအတိုင်း မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ်မီးရောင်များတွေ့ရှိရသည့်အတွက် ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းစဉ် ၎င်းကားပေါ်တွင် လိုက်ပါလာသူများနှင့် ဆိုင်ကယ်စီးနင်းလာသူများမှာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်များဖြစ်နေသည့်အတွက် လမ်းဘေး ဝဲ/ယာမှ နှစ်ဖက်ညှပ်ပြီး ဝိုင်းဝန်းပစ်ခတ်ချေမှုန်း နှိမ်နင်းဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှု ဖြစ်စဉ်အတွင်း ကားပေါ်ပါ PDFအကြမ်းသမားများနှင့် ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၂၅ ဦးထက်မနည်း ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ်(အရှည်)၈ လက်၊ လက်လုပ်သေနတ်(အတို)၂ လက်၊ ကျည်အိမ် ၈ ခု၊ ၁၂ ဗိုကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး(၅၀ ပေခန့်) ၁ ခွေ၊ ဆိုင်ကယ်ဘက္ထရီ ၁၁ လုံး၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ ပြောက်ကျားအင်္ကျီ ၉ ထည်၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊ Icon(အမျိုးအစား စိစစ်ဆဲ) ၁ လုံး၊ Icon အားသွင်းခုံ ၂ ခု၊ ညကြည့်မှန်ပြောင်း ၁ လက်တိုအား သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်များ နှိမ်နင်းလိုက်နိုင်တဲ့ PDF အကြမ်းဖက်သမားများမှာ မြစ်ငယ်မြို့နယ်မှ ဖောင်းဒိုင်း(ခ) ဝင်းထွန်း ဦးဆောင့် PDF အကြမ်းဖက်သမားများ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာ အပေါ်ယံအားဖြင့် သုံးသပ်မယ်ဆိုရင်တော့ ကိုယ့်ပြည်သူတွေပဲ ဒီလောက်ထိ ပြင်းပြင်းထန်ထန် မနှိမ်နင်းသင့်ပါဘူးလို့ ဆိုကြပါလိမ့်မယ်။ မှန်ပါတယ်။ နီပိန်းတွေဟာလည်း မြန်မာနိုင်ငံသား ပြည်သူတွေပါပဲ။ အဲဒီ ပြည်သူလို့ အော်ပြီး ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံပြီး လက်နက်ကိုင် အကြမ်းဖက်နေတဲ့ နီပိန်းတွေဟာ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ကမ်းကုန်းအောင် လုပ်နေကြတယ်။ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ ပြည်ပနိုင်ငံများက အထောက်အပံ့ကို ယူပြီး ကိုယ့်ပြည်သူအချင်းချင်းကို ရက်စက်ယုတ်မာနေကြတယ်။ နီပိန်းတွေကို ပြည်သူလို့ သဘောထားပြီး အစိုးရက အလွန်အကျူး ငဲ့ညှာခဲ့တယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ ဖိတ်ခေါ်ရုံမျှမက လက်နက်များအပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာမယ်ဆိုရင်ဖြင့် ဆုငွေတွေပါ ချီးမြှင့်ပေးနေပါသေးတယ်။ 

နီပိန်း အစွန်းရောက် အကြမ်းဖက်သမားတွေက ဥပဒေဘောင်အတွင်း ဝင်မလာဘူး။ လက်နက်ကိုင်ပြီး လူပါးဝရတာကို အရသာတွေ့နေကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ပြီး ဂုပ်သွေးစုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်မှာ သာယာနေကြတယ်။ အစိုးရ ရဲ့ ငဲ့ညှာပေးမှုကို အခွင့်ကောင်းယူပြီး ရဟန်းရှင်လူပြည်သူ လူထုအပေါ်မှာ ရက်စက်ယုတ်မာလာကြတယ်။ နစကအစိုးရ သက်တမ်း ၁နှစ်တာအတွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၄၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ပြီး နစကအစိုးရ သက်တမ်း ၂နှစ်ခွဲကျော်ကာလကို ရောက်ရှိလာချိန်မှာ နီပိန်းအစွန်းရောက် အကြမ်းဖက်ဝါဒီတွေဖွဲ့စည်းထားတဲ့ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုမှတ်တမ်းများမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၀၀၀ ကျော် အထိ မြင့်တက်လာခဲ့တယ်။

အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု မြင့်တာလာတာနဲ့အမျှ နစကအစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းရေးဟာလည်း ဝေဖန်စရာတွေ ဖြစ်လာတယ်။ နိုင်ငံတော်အကြီးအကဲများက ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ လမ်းဖွင့်ပေးတယ်။ သက်ဆိုင်ရာ နယ်မြေများမှာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ခွင့် မပေးလိုတဲ့ အာဏာပိုင်တချို့ဟာ နီပိန်းတွေရဲ့ လမ်းစဉ်နောက်ကို လိုက်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုကာ ကိုယ်ကျိုးရှာလိုမှုတွေ မြင့်တက်လာတယ်။ နီပိန်းတွေ က အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်နေတဲ့ အချိန်မှာ အကြမ်းဖက်လမ်းစဉ်ကို ထောက်ခံအားပေးခြင်းမရှိတဲ့ တပ်မတော်သား အငြိမ်းစားများအပါအဝင် အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်ခေါင်းစဉ်အောက် သွပ်သွင်းပြီး ရက်စက်ယုတ်မာခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။

တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို နီပိန်းတွေက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာချိန်မှာ အကြမ်းဖက်လှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာလိုတဲ့ လူတစ်စုရှိသလို တိုင်းပြည်နဲ့ လူမျိုးအတွက် ဥပဒေစိုးမိုးရေးကို အလေးထားပြီး လုပ်ဆောင်နေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်ဆိုတာ မြင်းမူမြို့နယ်မှာ အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်က သက်သေပါပဲ။ 

အကြမ်းဖက်သမားတွေဆိုတာလည်း ပြည်သူများထဲက ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ဝိသမလောဘသားဆိုတာလည်း ပြည်သူများထဲကရော၊ အစိုးရအမှုထမ်းများထဲမှာပါ ရှိနေပါတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်ဆိုတာလည်း ပြည်သူထဲက ပေါက်ဖွားလာသူတွေချည်းပဲ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးအတွက်ဆိုရင် အကြမ်းဖက်သမားကိုလည်း နှိမ်နင်းရမှာ ဖြစ်သလို ဝိသမလောဘသားများကိုလည်း မတော်လောဘတွေကို ထိန်းချုပ်ကြဖို့ အစိုးရအနေနဲ့ လုပ်ဆောင်နေတာ မျက်မြင်ထင်ရှားပါပဲ။

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် က စလို့ အဂတိလိုက်စားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနများကို ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးများဟာ အားလုံးဟာ အဂတိနဲ့ မကင်းကြသူတွေ များပါတယ်။ ဒေါ်စုကိုယ်တိုင် က အဂတိလိုက်စားနေတော့ ကျန်တဲ့ သူတွေရဲ့ အဂတိလိုက်စားမှုတွေကိုလည်း မသိကျိုးကျွန် ပြုပေးထားရကနေ အရေးယူဆောင်ရွက်ခံရတဲ့ အခြေအနေမျိုးအထိ ရောက်ခဲ့ရပါတယ်။ နစကအစိုးရအဖွဲ့ကို ဦးဆောင်သူများအနေနဲ့ အစိုးရသက်တမ်း ၁နှစ်တာ ကာလအတွင်းမှာ နီပိန်းများရဲ့ လမ်းစဉ်နောက်ကို လိုက်ပါပြီး အဂတိလိုက်စားတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ဗေထိဆိုတာနဲ့ အရေးယူဆောင်ရွက်ခဲ့ရသလို ထိပ်ပိုင်းဦးဆောင်သူများထဲမှာ အဂတိလိုက်စားမှု အသံထွက်လာသူတွေကိုလည်း သေချာစွာ စိစစ်ထိန်းသိမ်းတဲ့ အပိုင်းတွေ မြင်တွေ့လာရပါတယ်။ 

နစကထိပ်ပိုင်းခေါင်းဆောင်များကစလို့ အမှုထမ်း၊ အရာထမ်းအားလုံးဟာ ကြီးလေးတဲ့ တာဝန်တွေကို ယူပြီး မိသားစုအကျိုးစီးပွား လုပ်ဖို့ မဟုတ်ပါဘူး။ အားလုံးဟာ မိမိတို့တတ်စွမ်းတဲ့ ပညာနဲ့ ပြည်သူကို ကောင်းကျိုးပြုဖို့သာ ဖြစ်ပါတယ်။ မိမိတို့ ယူထားတဲ့ တာဝန်နဲ့ ထိုက်တန်တဲ့ အဆောင်အယောင်၊ လစာရိက္ခာရရှိပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ထပ်ဆင့်ပြီး အာဏာအလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးရှာကြရင်ဖြင့် နီပိန်းတွေနောက်ကို လိုက်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နစက ဥက္ကဋ္ဌကြီးရဲ့ လက်ရင်းတပည့်ဖြစ်လို့၊ ဟိုလူ့တပည့်၊ ဒီလူ့တပည့်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အာဏာအလွဲသုံးစား ကိုယ်ကျိုးရှာခွင့် မရှိပါဘူး။ ဘယ်ဥပဒေကမှ ခွင့်ပြုမထားပါဘူး။ ယုံကြည်လို့ တာဝန်ပေးတာကို အလွဲသုံးစားလုပ်မိရင်ဖြင့် ကိုယ်မှား ကိုယ်ခံရမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ ဒီအချိန်ဟာ အားလုံးကို အဖြေရှာနေတဲ့ အချိန်လည်း ဖြစ်သလို ဆန်းစစ်နေတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။ ဘယ်သူတွေက တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အမှန်တကယ် ရှေးရှုလုပ်ဆောင်နေလဲ။ ဘယ်သူတွေက ဝိသမလောဘသားတွေလဲ။ ဘယ်သူတွေက ရာထူးအာဏာကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေလဲ။ ငါတို့ လုပ်နေတာကို ဘယ်သူမှ မသိပါဘူးလို့တော့ မထင်ကြပါနဲ့။ ထောက်လှမ်းရေးစကားနဲ့ ပြောရင်တော့ နံရံတွေမှာ နားမျက်စိတွေ ရှိတယ်။ ပုပ်လို့ ပေါ်၊ ဟုတ်လို့ ကျော် ဆိုသလို ပုပ်ရင်တော့ ပေါ်လာမှာပဲ။ 

မြင်းမူ မြို့နယ်မှာ အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမယ်ဆိုရင်လည်း ဂုဏ်ပြုသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တတ်နိုင်မယ်ဆိုရင် အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ချင်ပါတယ်။ တတ်နိုင်သူများအနေနဲ့ ဂုဏ်ပြုကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ယနေ့ တိုင်းပြည်မှာ လိုအပ်နေတာက တိကျ ပြတ်သားတဲ့ အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးပါ။ လစ်ဟာမှုတွေ ရှိနေတယ်။ ပေါ့လျော့မှုတွေ ရှိနေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများဟာ နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီ ပဒက်စာဖြစ်နေရတယ်။ ပဒက်တွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေလည်း မနည်းပါဘူး။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က စကားတစ်ခွန်းမှ မပြောဘဲ ငါလိုချင်တာ ဒါပဲလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ မင်းတို့တွေ တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကို ကြည့်ကြ။ ဥပဒေစိုးမိုးရေး နဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားလုပ်ဆောင်ကြလို့ ထုတ်ဖော်မပြောဘဲ အကြမ်းဖက်နှိမ်နင်းရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်အတွက် ထိုက်တန်တဲ့ ဂုဏ်ပြု ချီးမြှင့် မြှောက်စားမှု လုပ်ဆောင်လိုက်တာလို့ပဲ ရှုမြင်မိပါတယ်။

တကယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ ပညာမဲ့ ပြည်သူတွေလည်း များလှပါတယ်။ သူများမြှောက်ပေးတိုင်း ဆင်ခြင်တုံတရား ကင်းမဲ့စွာ မိုက်ရူးရဲဆန်ဆန် လုပ်တတ်တဲ့ ပညာမဲ့ လူတန်းစားတွေ ရှိနေခြင်းကြောင့်လည်း ယနေ့ မျက်မှောက် အကြမ်းဖက်အန္တရာယ်တွေ ဆိုးရွားစွာ ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ ပညာမဲ့ လူတန်းစားကိုချည်း ပြစ်တင်ပုံချလို့တော့ မရပါဘူး။ အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်လာစေဖို့ လှုံ့ဆော်သူတွေကတော့ ပညာရှိကြီးတွေ ဖြစ်တယ်။ ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်ပေါ်လာအောင် မီးလောင်ရာ လေပင့်ပေးသူတွေ၊ ဓာတ်ဆီလောင်းပေးသူတွေကတော့ မင်းပိုင်း စိုးပိုင်း က အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေ ဝိသမလောဘသားတွေ ဖြစ်တယ်ဆိုတာကိုလည်း နစကအစိုးရ တာဝန်ရှိလူကြီးမင်းများ ရိပ်စားမိပါလိမ့်မယ်။ 

အစိုးရအဆက်ဆက် ဒီပြဿနာတွေက မလွဲမသေ ရင်ဆိုင်နေရတဲ့ အစဉ်တစိုက် ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ယန္တရားမှာ တာဝန်ထမ်းဆောင်နေကြသူများဟာ ပြည်သူလူထုအကျိုးစီးပွား ပျက်ပြားအောင် အဓိက ဂုပ်သွေးစုပ်နေကြသူတွေ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ထိန်းကျောင်းပေးသွားဖို့ကိုပဲ မျှော်လင့်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)