အမ်းမြို့နယ်တွင် e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းဆောက်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းဆောက်ရွက်





MNP ၊  စက်တင်ဘာ  ၂၇

       ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးမှူးဦးဇော်ဇော်ထွဋ် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့်မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများကအသက်(၁၀)နှစ်အ ထက်နိုင်ငံသားကဒ်ပြားရှိသူများအား e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအ ချက်အလက်(Biometric)ကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့နံနက်၉နာရီခွဲအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်အ ခြေပြု၍စတင်ကောက်ယူလျက်ရှိသည်။


      ထိုသို့ ကောက်ယူရာတွင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ န၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မှီခိုသူမိသားဝင်များ အားe-ID စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခဲ့ပြီးယနေ့ကောယူရန်ကျန်ရှိသော ခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မှီခိုသူမိသားဝင်များ နှင့်မွေးကုဝန်ထမ်း ( ၆)ဦးမှီခိုမိသားစု(၁၀)ဦးပေါင်း (၁၆)ဦး၊နတလဝန်ထမ်း ( ၄)ဦးမှီခိုမိသားစု(၄)ဦးပေါင်း (၈)ဦး၊လျပ်စစ်ဝန်ထမ်း (၁၀) ဦးမှီခိုမိသားစု(၁၃)ဦးပေါင်း (၂၆)ဦးတို့အား ကေက်ယူမည်ဖြစ်ကြောင်းသိရသည်။


      e-ID စနစ်ဖြင့်ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ် ငန်းအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ခရိုင်မြို့နယ်ဌာနဆိုင် ရာ တာဝန်ရှိသူများက e-ID စနစ်လုပ် ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အ လက်  (Biometric)ကောက်ယူခြင်းလုပ် ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့် ရှုအားပေးခဲ့ကြသည်။


     အမ်းမြို့နယ်တွင်e-ID စနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသား စုဝင်များအား  ရုံးဖွင့်ရက်များတွင်ဌာနဆိုင်ရာရုံးများအားအစုအဖွဲ့စုဖွဲ့ကာ အစုအဖွဲ့အလိုက်နေ့စဥ်နံနက်၉နာရီခွဲမှည နေ၄နာရီခွဲထိကောက်ယူသွားမည်ဖြစ် ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)