MNP ၊ စက်တင်ဘာ ၂၇
နေပြည်တော်၊ လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်သာသနာ့ရိပ်သာတွင် အမျိုးသားရေးဆရာတော်များ၊ အမျိုးသားရေးလှုပ်ရှားသူများ ယနေ့ နေ့လည်ပိုင်းက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ - မစိုးရိပ်) တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းအား သွားရောက်လှူဒါန်းထောက်ပံ့နိုင်ရေး စည်းဝေးတိုင်ပင်ခဲ့ကြသည်။
အစည်းအဝေးတွင် မဘသ ရွှေအင်တောင်ဆရာတော်က အဖွင့်သြဝါဒစကား မိန့်ကြားရာ ယနေ့ အစည်းအဝေးခေါ်ယူခြင်းသည် ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒီမီကျောင်းကို ကူညီပံ့ပိုးနိုင်ရန်ဖြစ်ကြောင်း၊ ယခုနှစ်မစတင်ကာ နှစ်စဉ်ကူညီပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းပင်ကြစေလိုကြောင်း၊ ဆရာတော်ဦးဝီရသူမှာ ကြီးလေးသောတာဝန်များကို ထမ်းပိုးထားရသည်ဖြစ်ရာ မိမိတို့အနေဖြင့် ကူညီနိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီနိုင်ရေး အလေးထား ဆွေးနွေးကြစေလိုကြောင်းဖြင့် မိန့်ကြားသည်။
အစည်းအဝေးတွင် နေပြည်တော်၊ မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် အမျိုးသားရေးဆရာတော်များ၊ လူပုဂ္ဂိုလ်များက မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီအား ကူညီပံ့ပိုးပေးနိုင်ရေး အသီးသီးဆွေးနွေးတင်ပြကြပြီး အတည်ပြုချက်ရယူခဲ့သည်။
ယနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သီတင်းကျွတ်လဆန်းတွင် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီအား သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်နိုင်တစ်ပိုင် ပူးပေါင်းပါဝင် လှူဒါန်းမှုအပြင် ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် အလှူငွေ၊ ဆန် တို့ကို လယ်ဝေးမြို့ ၊ ရွှေအင်တောင်ကျောင်းတိုက်တွင် လာရောက်လှူဒါန်းနိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ရွှေအင်တောင်ဆရာတော် က "လယ်ဝေးမြို့သူ/မြို့သားတွေအပေါ်မှာလည်း ဆရာတော်ဦးဝီရသူရဲ့ ကျေးဇူးရှိပါတယ်။ ကျန်းမာရေးတရားစခန်းတွေ လာရောက်ဖွင့်လှစ် ကုသပေးခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီတော့ မိမိတို့ကလည်း ဆရာတော် ထမ်းပိုးထားရတဲ့ တာဝန်တွေကို တတ်စွမ်းသမျှ ဝင်ထမ်းပေးခြင်းအားဖြင့် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း နှိုးဆော်ချင်ပါတယ်။ သီတင်းကျွတ်လဆန်းပိုင်းမှာ သွားရောက်လှူဒါန်းကြမှ ဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော ပညာရေးအကယ်ဒမီကျောင်းတွင် အုပ်ချုပ်ရေး ဆရာတော် (၆)ပါး၊ဆရာ/မ (၂၇) ဦး ကျောင်းသား/သူ (၄၀၆) ဦး၊ စားဖို ( ၂) ဦး ရှိပြီး ပညာရေးအကယ်ဒမီကျောင်းတွင် စုစုပေါင်း လူဦးရေ ( ၄၄၂) ဦးရှိကာ နေစဉ် ၃နပ်စာအတွက် ဆန်(၈)ပြည် ချက်ပြုတ်ကျွေးမွေးရသလို ကျောင်းသား/သူများ၏ ကျန်းမာရေး၊ ပညာရေးကို အစစအရာရာ တာဝန်ဆောင်ရွက်ပေးနေသော ပညာဒါနကျောင်းဖြစ်သည်။
ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ရွှေအင်တောင်ဆရာတော် (ဖုန်း - 09775154466)၊ ရှေးဟောင်းကျောင်းတော်ကြီးဆရာတော် (ဖုန်း - 0943036977) သို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment