မြန်မာ - ဂျပန် ဘောလုံးပွဲ အားပေးဖို့ အသင့်ပြင်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ဂျပန် ဘောလုံးပွဲ အားပေးဖို့ အသင့်ပြင်ထား










တရုတ်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသား ယူ-၂၄ အသင်းဟာ အုပ်စုကို လွန်မြောက်ပြီး ဒုတိယအဆင့် (၁၆)သင်း ရှုံးထွက် အဆင့်ကို တက်လှမ်းခဲ့ပါတယ်။ အုပ်စုတွင်း ပြိုင်ပွဲမှာ မြန်မာ ယူ-၂၄အသင်းဟာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ တစ်ပွဲသရေနဲ့ အကောင်းဆုံး အုပ်စုတတိယနေရာကနေ (၁၆)သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ယခုလို တက်ရောက်ခြင်းမှာ ၁၉၇၄ ပြိုင်ပွဲနောက်ပိုင်း ၁၆ သင်းအဆင့်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အုပ်စုနဲ့ လှည့်ပြန်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အာရှအားကစားပြိုင်ပွဲကြီးမှာ မြန်မာအသင်းဟာ အောင်မြင်တွေရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိခဲ့ပါတယ်။

အုပ်စုကို ကျော်ဖြတ်ပြီး ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ ယူ-၂၄အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲတော် အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် ဒုတိယအဆင့်ကို တက်လှမ်းလာခဲ့တဲ့ အသင်းများကတော့ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ဥဇဘတ်ကစ္စတန်၊ ဟောင်ကောင်၊ ‌တောင်ကိုရီးယား၊ ပါလက်စတိုင်း၊ ကာတာ၊ ဂျပန်၊ ဘာရိန်း၊ မြောက်ကိုရီးယား၊ ထိုင်း၊ ကာဂျစ္စတန်၊ အင်ဒိုနီးရှား အသင်းများဖြစ်ကြပြီး မြန်မာအသင်းဟာ ရှုံးထွက်အဆင့်မှာ အင်အားကြီး ဂျပန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မနက်ဖန် (၂၈-၉-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် ည(၆ ၀၀)နာရီမှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာအားကစားသမားတွေက ကွင်းထဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားနေကြသလို တစ်တိုင်းပြည်လုံးက ပရိတ်သတ်များကလည်း မြန်မာဆိုတဲ့ စိတ်ဓာတ်နဲ့ အားပေးကြပါအုံးဗျာ။ အင်အားကြီး ဂျပန်လိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့်လည်း မြန်မာအားကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုက အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်သွားနိုင်ပါတယ်။ ဂျပန်ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အားပေးဝန်းရံလိုက်ကြရအောင်ပါ။

တချိန်တည်းမှာပဲ ခြေစွမ်းကောင်းတွေကို ပြသနေတဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာလည်း မနက်ဖန် ည(၆ ၀၀) နာရီမှာ အာဆီယံဒေသတွင်း အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ (၂)ပွဲကစားအပြီး တစ်ပွဲရှုံး၊ တစ်ပွဲနိုင်ထားပါတယ်။ မနက်ဖန် ဖိလစ်ပိုင်ကို အနိုင်ကစားပြီး ဒုတိယအဆင့်ကို တက်လှမ်းသွားမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ တိုင်းပြည်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ လူငယ်များက အကောင်းဆုံး ကြိုးစားနေကြတာကို မြင်တွေ့ရတဲ့ အတွက် ပရိတ်သတ်များကလည်း တခဲနက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။  မနက်ဖန် (၂၈-၉-၂၀၂၃) ရက်နေ့ ညနေ(၆ ၀၀)နာရီ အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာ - ဂျပန်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ မြန်မာ - ဖိလစ်ပိုင် အားပေးလိုက်ကြရအောင် -


Photo - MFF

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)