နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လယ်ဝေးမြို့နယ် အတွင်းရှိ ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လယ်ဝေးမြို့နယ် အတွင်းရှိ ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း




MNP ၊ စက်တင်ဘာ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့် ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အို များအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေး အတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင် ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ မိမိတို့ အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန်စွမ်း ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်းရှိ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ နေပြည်တော်သာသနာရေးမှုး ဦးဆန်းထွန်းအောင်၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့်တာဝန်ရှိသူ များသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထောက်ပံ့ကြေးရရှိခဲ့သည့် ဝိသာခါအမျိုးသမီး သီလရှင်ပရဟိတဂေဟာသို့ ငွေကျပ် ၁၆၉၅၆၀၀၀ ၊ ရတနာဒီပံအမျိုးသမီး သီလရှင်ဂေဟာသို့ ငွေကျပ် ၁၇၈၂၀၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)