MNP - စက်တင်ဘာ ၇
နိုင်ငံတာခြေစွမ်းပွဲစဉ်များအဖြစ် စက်တင်ဘာ ၈ရက်နေ့နှင့် ၁၁ရက်နေ့များတွင် ယှဉ်ပြိုင်ကစားမည့် နီပေါအသင်းနှင့် ပွဲစဉ်အတွက် မြန်မာလက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်း ၂၇ဦးကို ယနေ့နံနက်အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းတွင်
ဂိုးသမား-ပြည်ဖြိုးအောင်(ဟံသာဝတီယူနိုက်တက်)၊ ကျော်ဇင်ဖြိုး(ရှမ်းယူနိုက်တက်)၊ ဆန်းဆတ်နိုင်(ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင်(ဒဂုံစတားယူနိုက်တက်)။
နောက်တန်း - ဟိန်းဖြိုးဝင်း(ရတ်ချာဘူရီ)၊ စိုးမိုးကျော်(ပီနန်ဖန်ခရောင်း)၊ ရဲမင်းသူ(ရှမ်းယူနိုက်တက်)၊ နန္ဒကျော်(ရှမ်းယူနိုက်တက်)၊ ကျော်ဇင်လွင်(ရှမ်းယူနိုက်တက်)၊ ဇော်ရဲထွန်း(ရန်ကုန်ယူနိုက်တက်)၊ ဟိန်းဇေယျာလင်း(ရန်ကုန်ယူနိုက်တက်)၊ ဇင်ကိုထက်(ရန်ကုန်ယူနိုက်တက်)။
ကွင်းလယ် - လွင်မိုးအောင်(ရာရန်)၊ မောင်မောင်လွင်(လမ်ဖန်ဝါရီရာ)၊ စည်သူအောင်(ချန်နိုင်းယူနိုက်တက်)၊ ထက်ဖြိုးဝေ(ရှမ်းယူနိုက်တက်)၊ မြတ်ကောင်းခန့်(ရှမ်းယူနိုက်တက်)၊ ဝေလင်းအောင်(ဒဂုံစတားယူနိုက်တက်)၊ ဆွမ်လမ်မန်(ဒဂုံစတားယူနိုက်တက်)၊ ရန်နိုင်ဦး(ရန်ကုန်ယူနိုက်တက်)၊ အောင်လှိုင်ဝင်း(မဟာယူနိုက်တက်)၊ နေမိုးနိုင်(ဟံသာဝတီယူနိုက်တက်)။
ရှေ့တန်း - အောင်သူ(ယူထိုင်းသနီ)၊ အောင်ကောင်းမာန်(ယူထိုင်းသနီ)၊ သန်းပိုင်(ချိုင်းမိုင်ယူနိုက်တက်)၊ အီစိုး(ကဆတ်ဆာ့)၊ ဝင်းနိုင်ထွန်း(ဘော်နီယို)။
အဆိုပါ မြန်မာ့လူရွေးစင်အသင်းတွင် ပြည်ပကစားသမား ၁၀ဦးအထိ ပါဝင်နေပြီး မြန်မာအသင်း နှင့် နီပေါအသင်းတို့၏ ပွဲစဉ် ( ၂ ) ပွဲစလုံးကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် Channel 9 မှထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသည်။
souce - Myammar Football Federation
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment