အန်တိုနီရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မန်ယူထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အန်တိုနီရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မန်ယူထုတ်ပြန်




MNP - စက်တင်ဘာ  ၇


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရာဇီးလ်ကြယ်ပွင့် တောင်ပံကစားသမား အန်တိုနီ ဆန်းတို့စ်ရဲ့ ရည်းစားဟောင်းဖြစ်သူ ဂါဘရီလာ ကာဗယ်လင်အပေါ် အိမ်တွင်းအကြမ်းဖက်မှုဖြင့် အစစ်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသင်းဘက်က ယနေ့ညနေပိုင်းက တရားဝင် ထုတ်ပြန်ခဲ့သည်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်တွင် “မန်ချက်စတာယူနိုက်တက်က အန်တိုနီကို စွပ်စွဲချက်တွေကို အသိအမှတ်ပြုပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မှတ်ချက်ပြုပါတယ်


“နောက်ထပ်အချက်အလက်တွေကို စောင့်ဆိုင်းနေတဲ့အတွက် ကလပ်အနေနဲ့ မှတ်ချက်မပေးတော့ပါဘူး။


"ကလပ်အသင်းတစ်သင်းအနေနဲ့ ဒီစွပ်စွဲချက်တွေရဲ့ အကျိုးသက်ရောက်မှုနဲ့ နောက်ဆက်တွဲသတင်းတွေကို ထည့်သွင်းစဉ်းစားပြီး သိသာထင်ရှားပါက ကျူးလွန်းသူအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်"ဟု ထုတ်ပြန်ကြေညာခဲ့သည်။


မန်ချက်စတာယူနိုက်တက်အသင်းသည် အလားတူဖြစ်ရပ်မျိုးကို ပြီးခဲ့တဲ့ရာသီကလည်း အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ် ကြုံတွေခဲ့ပြီး လက်ရှိအချိန်မှာတော့ လာလီဂါကလပ် ဂီတာဖေးအသင်းကို အငှားချထားကြောင်း သိရသည်။


souce - Sky Sports


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment