MNP ၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်ကျေးရွာအုပ်စုများ၌ အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်းကင် ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက် တင်ဘာ ၁၈ ရက်မှစတင်ကာမြို့ပေါ်ရပ်ကွက်ရှိအခြေ ခံပညာကျောင်းများအခြေပြုကာစတင် ထိုးနှံခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အ သက်ငယ်ရွယ်သည့် မိန်းက လေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင် နှုန်း လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့်ကာကွယ် ဆေးဖြစ်ပြီး အဆိုပါကာ ကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့်သားအိမ် ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေးအား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား လုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ ကျေးလက်ကျန်းမာရေးဌာနနှင့်ကျန်မာရေးဌာနခွဲများမှ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ဆရာ ဆရာမများ၊ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော ကျောင်း သူများအား သက်ဆိုင် ရာကျောင်းများအလိုက်ရပ် ကွက်၊ကျေး ရွာအုပ်စုများ၌ထိုးနှံပေးလျှက် ရာယနေ့နံနက်က အမ်းတောင်အုပ်စု နှင့်အမ်းမြောက်အုပ်စုတို့၌သား အိမ်ခေါင်းကင်ဆာရောဂါ ကာ ကွယ်ဆေး ထိုးနှံပေးမှုအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများပူးပေါင်း ကာ လိုအပ်ချက် များကို ပေါင်းစပ်ဆောင် ရွက်ပေးလျက်ရှိသည်။
အမ်းမြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင် ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေ ပြု ကာ ကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက် လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment