ရမ်းဗြဲမြို့`မျက်ဝန်းသစ်´ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့`မျက်ဝန်းသစ်´ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ






MNP ၊  စက်တင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့`မျက်ဝန်းသစ်´ ကိုယ်ပိုင် အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို  ယနေ့ /နေ့လယ်(၁)နာရီအချိန်က အဆိုပါ ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့် ပြည့်စုံသည်လူငယ်များ ဖြစ်လာစေရန်ကြိုးစားသင်ယူကြစေလိုကြောင်း လူငယ်စကားဝိုင်းမှရရှိသော အသိပညာဗဟုသုတများကို လေ့လာမှတ်သားကြပြီး လိုက်နာကျင့်သုံး ကြစေလိုကြောင်း အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း ပြောကြားခဲ့သည် ။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ကျောင်းသား/ကျောင်းသူများအား လူငယ်တွေ အောင် မြင်ရေးနည်းလမ်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို  မြှင့်တင်ဆောင်ရွက်ရေး ဟူသည့် အချက်များ ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ် မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်းအထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူ ဦးရေ သုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေ ပညာတတ်မြောက်မှု မြင့်မားမှသာ တိုင်းပြည်၏ အနာဂတ်က ဖွံ့ ဖြိုးသာယာမှာ ဖြစ်ကြောင်းနှင့် ပညာဖြင့် လူမှုဘဝ ကျေးလက်ဘဝ မြှင့်တင်ခြင်း၊အနာဂတ် တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်များ၊ မိမိဒေသမှာ ခေါင်းဆောင်တာဝန်ယူကြမဲ့ လူငယ်များ  အသိပညာ ဗဟုသုတတိုးပွားစေရန် ဝိုင်းဖွဲ့ဦးဆောင် ဆွေး နွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊စဉ်းစား တွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်း/အဆိုး/အမှား/အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ  ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုရာ၌ ပြောရဲ ဆိုရဲသည့် သတ္တိ ပြောတတ် ဆိုတတ်စေရန် နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်ပါကြောင်း လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  Grade-10 ကျောင်းသူ မခင်မျိုးဆက်က `လူငယ်နှင့်ဆိုရှယ်မီဒီယာ´ ၊ Grade-10 ကျောင်းသား မောင်မင်းခန့်နိုင်က `လူငယ်နှင့်အားကစား´၊Grade-11 ကျောင်းသား မောင်မျိုးဟန်ဝင်းက `လူငယ်နှင့်ကိုယ်ကျင့်တရား ´ခေါင်းစဥ်များဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့်  ဆွေးနွေးသူများမှ ပြန်လည်ဖြေကြား ခဲ့ကြသည်။ 


 ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများသည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့်  ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေး  နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်​များ ပြသထားမှု

များအား  စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ ( ၉၀)ဦး တက်ရောက်  အားပေးခဲ့ကြောင်း သိရှိရသည်။ 


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)