မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP ၊  စက်တင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၂၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းကမှော်ဘီမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကြီးလှ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ရွှေ၊ မြို့နယ် သမဝါယမအသင်း ဦးစီးအရာရှိ ဒေါ်နွေနွေအောင်တို့က အမှာစကားအသီးသီးပြောကြားပြီး ပညာရေးငွေစု၊ ငွေချေးသမဝါယမ အသင်းမှ အသင်းသားဒေါ်ခိုင်သီတာမှ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းဖတ်ကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မှော်ဘီမြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)