ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ



နေပြည်တော် စက်တင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (16th Conference of ASEAN Ministers Responsible for Information - AMRI) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။


ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MITV)မှ ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံတို့လည်း ပြန်လည်လိုက်ပါလာကြသည်။


အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (16th Conference of ASEAN Ministers Responsible for Information-AMRI)၊ အကြိမ်(၂၀)မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (20th ASEAN Senior Officials Meeting Responsible for Information-SOMRI)နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်သုံးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)