MNP ၊ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၇ ဂူ ဘုရားအတွင်းရှိ အင်္ဂတေပန်းအလှလက်ရာများနှင့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
ဝတ္ထနတောဘုရားအစုအဝေးသည် အလိုတော်ပြည့်ဘုရားအရှေ့တောင်ဘက်တွင် တည်ရှိပြီး အင်္ဂတေပန်းအလှများစွာ ရှိနေသေးပြီး ရှေးဟောင်းအဆောက်အအုံများ စိတ်ဝင် စားသူ မည်သူမဆို လာရောက်လေ့လာနိုင်ပြီး ဂူဘုရားကြီး၏ မြောက်ဘက်အပေါက်အပေါ် အထောင်များ အထက်နေရာတွင် အင်္ဂတေပန်းခွေ၊ မကာရ်းရုပ်၊ ခြင်္သေ့ရုပ်၊ ဘီလူးရုပ်၊ ကိန္န ရာရုပ်၊ ငှက်ရုပ်နှင့် ကြာပွင့်ပေါ်ထိုင်၍ ကြာပန်းကိုင်ရှီခိုးနတ်ရုပ်စသည့် မပျက်မစီးကျန်ရှိသေးသော အင်္ဂတေပန်းလက်ရာများမှာ မပျက်မစီးသေးပဲ အထူးကောင်မွန်ကာ မပျက်မစီးပဲ ကျန်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကာ အဆိုပါ လက်ရာမျိုး ဘုရားအမှတ် ၃၅၇ ဂူဘုရားတစ်ဆူတွင်သာရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ဂူဘုရားသည် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး အရှေ့ဘက်မုခ်လှည့်ဘုရားဖြစ်ကာ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူဆင်းတုတော် တစ်ဆူရှိပြီး ဂူဘုရားကြီးနံရံနှင့် မျက်နှာကျက်တို့တွင် နံရံ ဆေးရေးပန်းချီများနှင့် မင်စာအချို့ကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားများကိုလည်း ဖူးမြှော်လေ့လာနိုင်ကာ တောင်ဘက်တွင် စူဠာမဏိဂူဘုရား၊ သပိတ်မှောက်ဂူဘုရား၊ အနောက်ဘက်တွင် ဗူးလည် သီးဘုရား၊ အနောက်မြောက်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ မြောက်ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်းနှင့် အရှေ့ဘက်တွင် ဆူးလေကုန်းဘုရားစုတို့ကိုလည်း တဆက်တစပ်တည်း ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment