ကျောင်းကုန်းမြို့၌ ဆန်တစ်ပြည်လျှင် ငွေ(၂၅၀၀)ကျပ်ဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဆန်တစ်ပြည်လျှင် ငွေ(၂၅၀၀)ကျပ်ဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၇း၃၀ နာရီအချိန်ခန့်က အမှတ်(၂)ရပ်ကွက်ရှိ "ဖိုးတာတာ" ဆန်ဆိုင်၌ ပြည်သူများအား ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု(၁)စုလျှင်ဆန် (၄)ပြည်နှူန်း ဆန်အိတ်(၅၀) ကိုရောင်းချပေးခဲ့သည်။


ဆက်လက်၍ ယနေ့နံနက်ပိုင်းက ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာရှိ "ချမ်းမြေ့ဇော်" ဆန်စက်၌လည်း  ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည်နှူန်း ဆိပ်ဖူးနီကျေးရွာအား ဆန်အိတ်(၅၀)၊ လှေဒါးချောင်ကျေးရွာအား ဆန်အိတ်(၅၀) ရောင်းချပေးခဲ့ကြပြီး၊ ယနေ့ဆန်အိတ် စုစုပေါင်းအိတ်(၁၅၀) ရောင်းချပေးခဲ့သည်။ အဆိုပါ အခြေခံစားသောက်ကုန် ဆန်ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင် တို့ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment