ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးများပေးအပ်


MNP ၊ စက်တင်ဘာ ၂၁

နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက် ၈၅ နှစ် အထက် သက်ကြီးဘိုးဘွား ၄၉၂၂ ဦးကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာရိပ်သာ ၁၆ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၅၄ ကျောင်းနှင့် ထိခိုက်လွယ်အုပ်စုဝင် လူဦးရေ ၁၀၅ ဦးအတွက် ထောက်ပံ့ကြေးများပေးအပ်မည်ဖြစ်ပြီး နိုင်ငံတော်၏လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထု အားလုံးကဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးငွေကျပ် ၄၂၁ ဒသမ ၉၅ သန်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂေဟာနှင့် ရိပ်သာတာဝန်ခံများထံ ထောက်ပံ့ကြေးများပေးအပ်ပြီး ဂေဟာနှင့်ရိပ်သာများကိုယ်စား စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး ယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ဦးဆောင်သောအဖွဲ့အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံ များက စာနာမှုအကူအညီများပေးအပ်ခဲ့မှု၊ မုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးရုံ၊ ကျောင်းအဆောက်အအုံများနှင့် ဆက်သွယ်ရေးကွန်ရက်များကို ရာခိုင်နှုန်းပြည့်နီးပါး ပြုပြင်ပြီးစီးမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အခြေခံလိုအပ်ချက်များကို မြန်မာနိုင်ငံဘက်က ကြိုတင်ပြင်ဆင် ထားရှိမှု၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာ နားလည်မှုစာချွန်လွှာ၏ ပထမအဆင့်အနေဖြင့် နေအိမ်အလုံး ၂၅၀ ဆောက်လုပ်ပြီးစီးမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာ နိုင်ငံအခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့မှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)