ပေါင်မြို့နယ်၌လူကုန်ကူးမှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌လူကုန်ကူးမှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပ






MNP ၊  စက်တင်ဘာ  ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက (အထက) ပေါင်  ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပန်းချီပြိုင်ပွဲ  ယှဉ်ပြိုင်ရာတွင် လိုက်နာရမည့် စည်းမျဥ်း၊စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး  လူကုန်ကူးမှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် 

ခေါင်းစဥ်ဖြင့်  ပန်းချီပြိုင်ပွဲ  စတင်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပန်းချီပြိုင်ပွဲကို  အထက်တန်းအဆင့်  ( ၉ )ဦး၊ အလယ်တန်းအဆင့် (၁၈)ဦး၊  မူလတန်းအဆင့်(၁၆)ဦးစုစုပေါင်း(၄၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများ  ချီးမြှင့်သွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)