ကျိုက်ထိုမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး




MNP ၊  စက်တင်ဘာ  ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံလူတန်းစားပြည်သူများသက်သာချောင်ချိပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၀ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇေယျာမွန်ရပ်ကွက် ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


အများပြည်သူ သက်သာချောင်ချိရေးအတွက် ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ် နှုန်း ဖြင့် အခြေခံလူတန်းစားများအား လူတစ်ဦးလျှင် (၁)ပြည်နှုန်း (၂၄) ပြည်ဝင် အိတ် (၁၀)အိတ်  ရောင်းချပေးရာ ပြည်သူများက တပျော်တပါး လာရောက်ဝယ်ယူခဲ့ကြသည်။


မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့အနေဖြင့် အခြေခံလူတန်းစားပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခြင်းကို ယခင်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျိုက်ထို မြို့မဈေး၌ အပတ်စဉ်  သောကြာ နေ့တွင် ပုံမှန် ရောင်းချပေးလျှက်ရှိပြီး ယခုအခါ နေ့စဉ် တစ်ရက်လျှင် ရပ်ကွက်/ကျေးရွာ တစ်ခုစီ၌ အလှည့်ကျ သက်ဆိုင်ရာ ဆန်စက်ကြီးများနှင့် သတ်မှတ်နေရာများ၌ ဆက်လက်ရောင်းချပေး‌နေကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)