MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့် အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ပြည်သူများက ကညင် တန်း ရပ်ကွက် ၊ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ နယ် မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး နေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်း အောင် နှင့် တာဝန် ရှိသူများက လှည့်ပတ် ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင် များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရောအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်း ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ပြည်သူများ စုစုပေါင်းအင်အား ၅၄၀ ခန့်က စုပေါင်းကာ ပြည်သူ ဆေးရုံခြံဝင်း အတွင်းရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း ၊ ပလက်စတစ်အမှိုက်များ ကောက်ယူခြင်း ၊ တံမြက် စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး စည်ပင်သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
သက်လွင်စိုး ၊အောင်ကျော်စိန်ခရိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment