MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ကျောက်ဖြူတပ်နယ်နှင့် ဓညဝတီရေတပ်စခန်းဌာနချုပ်တို့မှ အရာရှိ၊ စစ်သည်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူတပ်နယ်နှင့် ဓညဝတီရေတပ်စခန်းဌာနချုပ်တို့မှ အရာရှိ၊ စစ်သည်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် ဆေးရုံခြံဝန်းအတွင်း/ အပြင်တို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များအား အမှိုက်အိတ်များထဲသို့ စနစ်တကျထည့် ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များ ဖြင့် စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။ အလားတူ ကျောက်ဖြူမြို့နယ် အတွင်းရှိ တိုက်နယ် ဆေးရုံများတွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment