ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံ ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံ ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့်ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရသေ့တောင်မြို ပြည်သူ့ဆေးရုံဝန်းကျင်ရှိ အမှိုက်သရိုက်များ၊ခြုံနွယ်များနှင့်မြက်ပင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ ဘေးပတ်လည်တွင်ရှိ ရေမြောင်းများ၊ မြက်ပင်များ၊ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ် စည်ပင်သာယာရေး ကားဖြင့်စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက  လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment