MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ ငပလီမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စနေနေ့ စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသပ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ကုတင်(၂၅)ပြည်သူ့ဆေးရုံတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၅၀)ဖြင့် ကုတင်(၂၅) ပြည်သူ့ဆေးရုံခြံဝန်း အတွင်းရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း နှင့်ရေစီးရေလာကောင်းမွန်ရေး တို့အတွက်အမှိုက်များရှင်းလင်းခြင်း များကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ငပလီမြို့အုပ်ချုပ်ရေး မှူးဦးနိုင်လင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment