လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ





MNP ၊  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည ၇နာရီ အချိန်က လားရှိုးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။


အခမ်းအနားသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးမျိုးမင်းထွန်း ၊လားရှိုးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာဌေးအောင် ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်များ နှင့် ဂီတဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။


ဆုချီးမြှင့်ခြင်းအခမ်းအနား မစတင်မီ  အခြေခံပညာအဆင့် အသက်(၁၅-၂၀)အမျိုးသမီးအက ဖြင့် မလဝန်းအိမ် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများ၏ ကချင်အက၊  လားရှိုးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူလေးများ၏ ဗမာကျေးလက်ရိုးရာအက၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးအကဖြင့် မစန္ဒာလင်း တို့က ကပြဖျော်ဖြေခဲ့ကြသည်။


ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ဦးရေ (၁၆၁)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment