MNP ၊ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ဆင်တက်မော်ကယ်ဆယ်ရေးစခန်း၌ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် အာဇီဖော်ဒင်နေအိမ်ရှေ့တွင် ဝပ်ရှော့လုပ်နေစဉ် ဂဟေဆော်ရာမှ မီးဝန်းများထွက်ပြီး နေအိမ်ရှေ့ဈေးဆိုင်နောက်ထားရှိသော ဓာတ်ဆီပုံးအား မီးကူးစက်ရာ ဓာတ်ဆီပုံးများပေါက်ကွဲ၍ အာဇီဖော်ဒင်၏ ဈေးဆိုင်ခန်း နှင့် နေအိမ်များအားမီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ် ကိုးအိမ်၊ ဈေးဆိုင်ခန်းလေးခန်း မီးလောင် ကျွမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးသင့် အိမ်ထောင်စု ကိုးစုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီအသင်းခွဲ ပေါက်တောမြို့နယ်မှ တာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်း ၂၂ မျိုးကို ယနေ့ နေ့လယ်ပိုင်းတွင် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ရာမီးဘေးသင့် အိမ်ထောင်စုများက လက်ခံရယူကြကြောင်းသိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment